မြန်အောင် ဇွန်    ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ခြောက်ဘာသာ ဂုဏ်ထူးရရှိသူ (၄)ဦးရှိပြီး မြို့နယ်အဆင့် အောင်ချက်ရာနှုန်း ၅၇ ဒသမ ၇၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

မြန်အောင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂၀)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျား (၃၃၇)ဦး၊ မ (၅၇၄)ဦး၊ စုစုပေါင်း (၉၁၁)ဦးရှိပြီး အောင်မြင်သူဦးရေ ကျား (၁၇၆)ဦး၊ မ (၃၅၀)ဦး၊ စုစုပေါင်း (၅၂၆)ဦးရှိကာ မြို့နယ်အဆင့် အောင်ချက်ရာနှုန်း ၅၇ ဒသမ ၇၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

မြန်အောင်မြို့နယ်မှ ခြောက်ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ ငါးဘာသာဂုဏ်ထူးရှင် (၄)ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် (၁၆)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၈၅)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၇၁)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၅၂)ဦးရှိပြီး ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိသူ မြန်မာစာ (၃၈)ဦး၊ အင်္ဂလိပ်စာ (၇)ဦး၊ သင်္ချာ (၉)ဦး၊ ဓာတုဗေဒ (၂၃)ဦး၊ ရူပဗေဒ (၃၁)ဦး၊ ဇီဝဗေဒ (၅၀)ဦး၊ ပထဝီ (၁၅၀)ဦး၊ သမိုင်း (၁၅၇)ဦး၊ ဘောဂဗေဒ (၁၉၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

(မြို့နယ် ပြန်/ဆက်)