ဟိုင်းကြီးကျွန်း ဇွန် ၁၇

 

၂၀၂၁-၂၀၂၂ ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန် ကြေညာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ(၄၉.၃) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

 

ဟိုင်းကြီးကျွန်းမြို့ အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၇)ခု၌ ကျောင်းသား၊ ကျောင်းသူ (၁၁၃၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၅၅၈)ဦး၊ အောင်ချက်ရာခိုင်နှုန်း(၄၉.၃) ရာခိုင်နှုန်း ရှိပြီး (၁) ဘာသာဂုဏ်ထူး(၁၅၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ (၇၀)၊ (၃)ဘာသာဂုဏ်ထူး(၉၁)ဦး၊ (၄)ဘာသာဂုဏ်ထူး(၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၃၁၆)ဦး ဂုဏ်ထူးရရှိခဲ့ကြောင်း သိရသည်။

 

လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)