ဥတ္တရ     ဇွန်     ၁၇      

           

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်  စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာလျက်ရှိရာ အောင်ချက် ရာခိုင်နှုန်း ၄၅.၈၄ ရှိကြောင်းသိရသည်။

           

ဥတ္တရသီရိမြို့နယ်အတွင်း၌ စာစစ်ဌာန(၆)ခုတွင်  စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀၆၉)ဦးရှိကာ ဖြေဆိုသူ(၉၉၉)ဦးရှိပြီး၊ စုစုပေါင်းအောင်မြင်သူ(၄၅၈)ဦးနှင့် ဂုဏ်ထူးရှင် (၂၀၈)ဦး ရှိကြောင်း သိရသည်။

 

ခြောက်ဘာသာဂုဏ် (၆)ဦး၊ ငါးဘာသာ(၈)ဦး၊လေးဘာသာ(၁၀)ဦး၊ သုံးဘာသာ (၂၆)ဦး၊ နှစ်ဘာသာ(၃၅)ဦး၊ တစ်ဘာသာ(၁၂၃)ဦး၊ ရိုးရိုးအောင်မြင်သူ(၂၅၀)ဦးရှိကြောင်း ၊ စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း (၄၅.၈၄)ရှိကြောင်း ၊ ယခင် ၂၀၂၀ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွင် အောင်မြင်သူရာခိုင်နှုန်း (၄၄.၁၀)ရှိရာ ယခုနှစ်တွင် အောင်မြင်မှု ရာခိုင်နှုန်း (၁.၇၄)တိုးလာကြောင်း မြို့နယ်ပညာမှူးရုံးမှ သိရသည်။

                                                                                                           

ကျော်စွာဟိန်း(ပြန်/ဆက်)