မြန်အောင်        ဇွန်        ၁၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တိမ်းရှောင်နေသူ သုံးဦး၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က ဖြင့် တိမ်းရှောင်နေသူ နှစ်ဦးတို့သည်  မြန်အောင်မြို့မရဲစခန်း၊ အင်ပင်နယ်မြေရဲစခန်းနှင့် ရွှေကျင်နယ်မြေရဲစခန်းသို့ လာရောက်ဆက်သွယ်သဖြင့် ဥပဒေနှင့်အညီ ဖြေလျှော့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆက်သွယ်လာသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို စစ်ဆေးပြီး နောင်တွင်အလားတူဖြစ်စဉ်မျိုး ထပ်မံမကျုး‌‌လွန်စေရေး အသိပညာ‌‌ပေးပြောကြားခဲ့ပြီး ဥပဒေနှင့်အညီ ဖြေလျှော့ဆောင်ရွက်ပေးခဲ့သည်။

 

မြို့နယ်(ပြန်/ဆက်)