ချောင်းဆုံ ဇွန် ၁၇
၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၁၇ ရက်နေ့ နံနက်က စတင်ကြေညာ ခဲ့ပြီးဖြစ်ရာ ချောင်းဆုံမြို့နယ် မှ တက္ကသိုလ်ဝင်စာမေးပွဲကို (၅၉.၅၇) ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ် (၁၀) မြို့နယ်တွင် တတိယနေရာရရှိခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်မှ ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း ပေါင်း (၁၄)ကျောင်းနှင့် ပြင်ပဖြေဆိုသူအပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၈၄၁)ဦး ဖြေဆိုခဲ့ရာ အောင်မြင်သူ (၅၀၁)ဦး အောင်မြင်ခဲ့ပြီး (၆)ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ (၅)ဘာသာ ဂုဏ်ထူး ရှင်(၄)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၉)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၃၈)ဦး၊ (၁) ဘာသာဂုဏ်ထူးရှင်(၁၆၁)ဦးဖြင့် ဂုဏ်ထူးရကျောင်းသား/သူ စုစုပေါင်း(၂၃၈)ဦးရှိပြီး ရိုးရိုးအောင်မြင်သူ (၂၆၃)ဦးရှိကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)