မံစီ       ဇွန်      ၁၇

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဇွန် ၁၇ ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ အောင်ချက်ရာခိုင်နှုန်း ၄၁ ဒသမ ၂၇ အထိရှိကာ လေးနှစ်တာကာလအတွင်း အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။

 

မံစီမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(မံစီ) စာစစ်ဌာနတစ်ခု၌သာ ဖြေဆိုခဲ့ပြီး ကျောင်းသား ကျောင်းသူ ၂၅၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ကာ ၁၀၄ ဦး အောင်မြင်ခဲ့ကြောင်း၊ အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၄၁ ဒသမ ၂၇ ရှိကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)