မော်လိုက်   ဇွန်  ၁၇
 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇွန် ၁၇ ရက် နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး၊ မော်လိုက်(အထက)နှင့် ကင်းတပ်(အထက)တို့၌ ထုတ်ပြန်ကြေညာခဲ့ရာ ယမန်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။

 

မော်လိုက်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ၄၄၅ ဦးရှိခဲ့ရာ အောင်မြင်သူ ၂၁၆ ဦး ရှိခဲ့ကြောင်း၊ အောင်ချက်အနေဖြင့် ကျောင်းတွင်းဖြေ ၄၉ ဒသမ ၃၉ ရာခိုင်နှုန်း၊ ပြင်ပဖြေ ၄၆ ဒသမ ၂၂ ရာခိုင်နှုန်း ရှိကြောင်း၊ တစ်ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၀ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၄ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် နှစ်ဦး ရှိကြောင်း သိရသည်။ မော်လိုက်မြို့နယ်အနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ၃၅ ဒသမ ၅၂ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၄၈ ဒသမ ၅၄ ရာခိုင်နှုန်း ရရှိခဲ့သဖြင့် ယမန်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း တိုးလာကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းများအရ သိရသည်။

 

မော်လိုက်သားလေး