မော်လမြိုင်       ဇွန်        ၁၈
                                                                                
မော်လမြိုင်မြို့နယ်၏ Land Mark အမှတ်အသားဖြစ်သည့် ထန်းပင်များ စိုက်ပျိုးပွဲကို ဇွန် ၁၈ ရက် နံနက်ပိုင်းက ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ကြပြီး ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ နှင့်အတူ မော်လမြိုင်-ကျိုက်မရောကားလမ်းဘေး ဝဲယာတစ်လျှောက် တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြသည်၊၊

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် လမ်းဘေးဝဲယာတစ်လျှောက် ထန်းပင်စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်၊၊ 

မော်လမြိုင်မြို့နယ်၏ အမှတ်အသားဖြစ်သည့် ထန်းပင်များ စုပေါင်းစိုက်ပျိုးခြင်းကို မော်လမြိုင်-ကျိုက်မရော ကားလမ်း အရှည် ပေ ၂၅၀၀ ရှည်လျားသည့် လမ်းဘေးဝဲယာတစ်လျှောက်တွင် ထန်းပင် ၄၅၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)