ညောင်ဦး ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အလိုတော်ပြည့်ဘုရားမှစတင်ပြီး အနော်ရထာလမ်းမကြီး လမ်းဘေးဝဲ/ယာ သွားရာလမ်းတစ်လျှောက်နှင့် လေယာဉ်ကွင်းလမ်းဆုံတစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဇွန် ၁၈ ရက် နံနက် ၆ နာရီခွဲမှစတင်ကာ ဌာနဆိုင်ရာ အင်အား ၇၀၀ ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ အလိုတော်ပြည့်ဘုရားမှစတင်ပြီး အနော်ရထာလမ်းမကြီး လမ်းဘေးဝဲ/ယာတစ်လျှောက်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက လေယာဉ်ကွင်းလမ်းဆုံမှ ပုဂံမြို့သစ်သွားရာလမ်းနှင့် ကျောက်ပန်းတောင်းဘက်သွားရာလမ်း၊ လေယာဉ်ကွင်းလက်သွားရာ လမ်းဘေးဝဲ/ယာရှိ ပေါင်းမြက်များ၊ သစ်ပင်ချုံနွယ်များ၊ သစ်ရွက်မှိုက်များ၊ ဖော့ဘူးများအား သန့်ရှင်းရေးပြုလုပ်ကာ သစ်ရွက်ခြောက်အမှိုက်များ၊ သစ်ကိုင်းခြောက်အမှိုက်များအား မီးရှို့ခြင်း၊ ပေါင်းမြက်အစိုများ၊ ချုံနွယ်အစိုများအား ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှိုက်ကျင်းသို့ ပို့ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ကိုကြေးမုံ