ပန်းတောင်း ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇွန် ၁၈ ရက် နံက်ပိုင်းက တလုပ္ပင်အုပ်စု တလုပ္ပင်ကျေးရွာနှင့် တောင်ဘွေအုပ်စု ပဲကြီးအင်းကျေးရွာတို့တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တလုပ္ပင်အုပ်စု တလုပ္ပင်ကျေးရွာရှိ မြစ်ကမ်းပါးထိန်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ဘွေအုပ်စု ပဲကြီးအင်းကျေးရွာရှိ မိုးနေကြာ(၂၄)ဧက စိုက်ခင်းနှင့် ဒေါင်းမြတ်နားအုပ်စု မြောင်ရှည်ကျေးရွာရှိ မိုးနှမ်း (၉)ဧက စိုက်ခင်း၊ မိုးမြေပဲ(၁)ဧက စိုက်ကွက်များကိုလည်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)