သတင်းဆောင်းပါး - မြင့်စိုး(နတလ)

မက်မန်းမြို့က  ဖုန်းခေါ်သံ
“ဟဲလို   . . . .  အဘရေ   ကျွန်တော် ကိုဗလပါဗျ”
ဇွန်လ   ၁၇   ရက်နေ့   နံနက်ခင်းတွင် ကျွန်တော့်ထံသို့   အစောဆုံးဝင်ရောက် လာသော   ဖုန်းခေါ်သံ    ဖြစ်သည်။ ဖုန်းဆက်သူမှာ   ‘ဝ’   ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်း မက်မန်းမြို့တွင် နေထိုင်သော ကိုဗလဖြစ်သည်။     သူ့နာမည်ရင်းက ကိုမိုးခိုင်၊ သို့သော် မည်သူကမျှ ကိုမိုးခိုင် ဟု  မခေါ်၊    မက်မန်းနှင့်   ကျိုင်းတုံဒေသ တစ်ခုလုံး     သူ့ကို     သိသမျှလူတွေက ကိုဗလဟုပဲ     ခေါ်ကြသည်။    ခေါ်၍သာ ခေါ်နေကြသည်          ဗလကောင်း ကောင်း    ထောင်ထောင်မောင်းမောင်း လည်း    မဟုတ်ပြန်ပါချေ။   သေးသေး ညှက်ညှက်လေးဖြစ်၏။     Nick Name ဟူ၍ပဲ ဆိုကြပါစို့ရဲ့။
“မှတ်မိပါတယ် ကိုဗလရဲ့ ပြောပါဗျ”
“မက်မန်းအထက်တန်းကျောင်းက အယောက် ၂၀ အောင်တယ် အဘရေ”
“ဟာ ဟုတ်လား၊  ဝမ်းသာတယ်ဗျာ၊ ဂုဏ်ထူးတွေရော ထွက်ကြတယ်မို့လား”
“ခြောက်ယောက်က         ဂုဏ်ထူး တစ်ဘာသာစီ ပါတယ်ဗျ”
သူဖုန်းဆက်ပြီး     မကြာမီမှာပင် မက်မန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင် က ဆက်လာပြန်သည်။ ဦးထွန်းလင်းအောင် သည် ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)  အမှတ်စဉ်  (၁)  ကျောင်းဆင်း ဖြစ်သည်။ ထို့ပြင်တဝ  သူသည်  ပရဟိတ (ကျား)ကျောင်းထွက်၊  ‘ဝ’တိုင်းရင်းသား တစ်ဦး ဖြစ်နေ၍  လေးမျက်နှာပရဟိတ ကျောင်းထွက်၊     ကျွန်တော်နှင့်လာ၍ ရေစက်ကဆုံနေပြန်ပါသည်။
“အေး -    ကိုထွန်းလင်းအောင်ရေ၊ မက်မန်းအထက်တန်းကျောင်း   အောင် ချက်ကို သိရပါပြီ၊  တစ်ခုပဲမှာချင်တယ်၊ မက်မန်းအထက်တန်းကျောင်းမှာ ကိုယ် လာပြီး   ဟောပြောတုန်းက   ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ဒီဂရီကောလိပ် ဝင်ခွင့်စာမေးပွဲ အတွက် လေ့လာဖို့ မေးခွန်းဟောင်းတွေ ပေးခဲ့တယ်။   ကလေးတွေ   လေ့လာနိုင် အောင် ဆောင်ရွက်ပေးပါကွာ”
၂၀၁၈ ခုနှစ်ထဲမှာ   နတလဝန်ထမ်း ဘဝနှင့် မက်မန်းမြို့လေးသို့  ပထမဆုံး အကြိမ်    ရောက်ရှိခဲ့သည်။    ယခုနှစ် မတ်လ  ၄  ရက်နေ့တွင်   ဒုတိယအကြိမ် မြောက်  သွားရောက်ခဲ့သည့် ခရီးစဉ်ကမူ အငြိမ်းစားဝန်ထမ်းဘဝနှင့် ဖြစ်ပါသည်။ ထိုနေ့  မွန်းလွဲပိုင်းတွင် မက်မန်း အထက မှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့်  ကျောင်းသား   ကျောင်းသူလေးများနှင့် တွေ့ဆုံ၍   စာမေးပွဲအောင်မြင်အောင် ကြိုးစားလေ့ကျင့်ဖြေဆိုကြရန်   အားပေး တိုက်တွန်းခဲ့ပြီး  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်လာသူများအနေဖြင့်  နယ်စပ် ရေးရာဝန်ကြီးဌာနအောက်ရှိ  ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ      ဖွံ့ဖြိုးရေး တက္ကသိုလ်၊  ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး      ဒီဂရီ ကောလိပ်များသို့ တက်ရောက်သင်ယူခွင့် ရရှိရေး    ရှင်းလင်းဟောပြောဆွေးနွေး ခဲ့သည်။     ကိုရင်လေးများ   အပါအဝင် ကျောင်းမှ ၄၆ ဦး၊    ပြင်ပဖြေ ၁၇ ဦး၊ စုစုပေါင်း ၆၃ ဦး  တက်ရောက်နားထောင် ကြသည်။ သည်အထဲကမှ  ၂၀ အောင်မြင် ခဲ့ကြပါပြီ။ ကြည်နူးဝမ်းသာရှိလိုက်ပါဘိ။

ဒုတိယမြောက် မင်္ဂလာသတင်း

ထိုနေ့တွင်     တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ     ထုတ်ပြန်ပေးခဲ့သော ကြောင့်   တယ်လီဖုန်းလိုင်း  ဖွင့်လိုက် သည်နှင့်     အောင်မြင်သည့်    သားငယ် သမီးငယ်များကို ဝိုင်းဝန်းချီးကျူး ဂုဏ်ပြု ကြတာများ        ပလူပျံနေပါတော့သည်။ ကျွန်တော့်အသိမိတ်ဆွေများ၏ သားငယ် သမီးငယ်များကို         ကျွန်တော်လည်း ဝင်ရောက်ဂုဏ်ပြုပေးခဲ့သည်။ ထိုအချိန် တွင်     နတလဦးစီးဌာနမှ      ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်ဦး    ပေးပို့ လိုက်သော မင်္ဂလာသတင်းတစ်ခု ရောက် လာပါတော့သည်။ အထကခေါင်လန်ဖူး စာစစ်ဌာနမှ ကိုးယောက် အောင်မြင်သည်။ ဂုဏ်ထူးများလည်း ထွက်ကြသည်…တဲ့။ ရော်…    ဝမ်းသာလိုက်သည့်ဖြစ်ခြင်း။ သိပ်မကြာမီမှာပင်  ခေါင်လန်ဖူးမြို့နယ် ပညာရေးမှူး  ဆရာမကြီး နန်းရီရီသန်းက Viber မှ အောင်စာရင်းကို  ထပ်မံပေးပို့ လာပါသည်။ ၃၅ ယောက်ဖြေ၊ ကိုးယောက် အောင်၊ သုံးဘာသာဂုဏ်ထူး သုံးယောက်၊ တစ်ဘာသာဂုဏ်ထူး နှစ်ယောက်ပါဝင်ပါ သည်။   တော်လိုက်ကြသည့် ခေါင်လန်ဖူး၊ ဇန်ယော့၊   ရှိန်းခေါင်က   သားသမီးတွေ၊ စာမေးပွဲအောင်ရုံမျှမက   ဂုဏ်ထူးများ တောင်ထွက်လိုက်ကြသေး။  အပင်ပန်းခံ စေတနာထား  သင်ကြားပေးသည့် ဆရာ ဆရာမများကိုလည်း  အထူးပဲ  လေးစား ကျေးဇူးတင်မိသည်။

ကျွန်တော်နှင့် ခေါင်လန်ဖူး၏ ရေစက် က အလွန်ပင်   ကြီးမားနက်ရှိုင်းခဲ့သည်။ နယ်စပ်ရေးရာဝန်ကြီးဌာန    နတလတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်  မဂွေဇ-ခေါင်လန် ဖူး ကားလမ်း ၆၅/၄ မိုင်  ဖောက်လုပ်နေ မှုကို ကြီးကြပ်ကွပ်ကဲရန်  ၂၀၁၈ ခုနှစ် မတ်လတွင်  ပူတာအိုမှတစ်ဆင့် နောင်မွန်၊ ပန်နန်းဒင်ဒေသများသို့   စတင်ရောက် ဖူးခဲ့သည်။ ထိုစဉ်က မဂွေဇ-ခေါင်လန်ဖူး ကားလမ်းသည်    မိုင်တိုင် ၃၀ သို့ပင် မရောက်သေးပါ။ ထိုမှ ၃၃/၆ မိုင်ရှိ အမြင့် ပေ  ၇၇၀၀ ကျောက်တောင်ကြီးကို  မိုင်း များခွဲ၍  ကျားကုတ်ကျားခဲ ဖောက်ခဲ့ကြ ရသည်။   ကားလမ်းဖောက်နေရင်းက မရောက်ဖူးသေးသော  ခေါင်လန်ဖူးဒေသ ၏   ပညာရေးကို    စေ့ငုကြည့်မိသည်။ သည်ဒေသမှ     အထက ခေါင်လန်ဖူး၊ အထက ဇန်ယော့၊ အထက (ခွဲ) ရှိန်းခေါင် ကျောင်းများ  ရှိကြသည်။    ကလေးများ ၁၀  တန်းမအောင်ကြတာ   ၁၀  နှစ်ခန့် ရှိပြီဟု  ကနဦးသတင်းစကားများ  ကြား ခဲ့ရသည်။ သေချာလေ့လာမေးမြန်းကြည့် သောအခါ   ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ ၂၀၁၇-၂၀၁၈    ပညာသင်နှစ်       အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ တစ်ဦးသာရှိခဲ့ကြောင်း၊   ကလေးများ ကြုံတွေ့နေရသည့်     အခက်အခဲများမှာ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ    အချိန်မီ   မရောက်ခြင်း၊  လျှပ်စစ်မီး   လုံလောက်စွာ မရခြင်း၊          ရာသီဥတုအေးလွန်း၍   အနွေးထည်နှင့်     အဝတ်အထည်များ  လိုအပ်ခြင်း၊  ရိက္ခာဆန်များကို ရွာမှပြန် သယ်နေရ၍    စာသင်ချိန် ပျက်ကွက်ခြင်း၊    သင်ကြားရေးအထောက်အကူပြု   ဆရာ ဆရာမများ    လိုအပ်နေခြင်းတို့   ဖြစ် ကြောင်း သိရပါသည်။   ထိုလိုအပ်ချက် များကို    ကူညီဖြည့်ဆည်းပေးရေးအတွက်  ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ထုတ်          ကြေးမုံသတင်းစာတွင်           “ခေါင်လန်ဖူးက မှာတမ်းစာ”    အမည်ရှိ ဆောင်းပါးတစ်ပုဒ်      ရေးသားခဲ့သည်။  ရေးသားတင်ပြရကျိုး           နပ်ခဲ့ပါသည်။   ပညာရေးဝန်ကြီးဌာနနှင့်   ပြည်နယ် အစိုးရတို့        အစီအစဉ်ဖြင့်  ခေါင်လန်ဖူး၊ ဇန်ယော့၊  ရှိန်းခေါင်ဒေသမှ ကျောင်းသား၊ ကျောင်းသူ ၄၉ ဦးအား ပူတာအိုမြို့  အထကကျောင်းတွင် Camp သွင်း၍ သုံးလ ကျော်ခန့်     ဆရာ    ဆရာမများက       သင်ကြားလေ့ကျင့်ပေးခဲ့ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၌  တက္ကသိုလ်ဝင်စာမေးပွဲ ကို နှစ်ဦးအောင်မြင်ခဲ့သည်။   ထိုကလေး နှစ်ဦးအပါအဝင် ပူတာအိုလူငယ်သင်တန်း ကျောင်းမှ     တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့်    ကလေးများ၊ သင်ကြား ပေးသည့်    ဆရာ   ဆရာမများကို             ဂုဏ်ပြုချီးမြှင့်ရန်အတွက်  ကျွန်တော်နှင့်    ကျွန်တော့်မိတ်ဆွေများ         ဖြစ်ကြသော   ကိုငွေစိုး၊ ကိုလှထွန်းဖြူတို့က ငွေကျပ်  ၁၇ သိန်း    ပေးပို့  ဂုဏ်ပြုခဲ့ကြပါသည်။      

ထိုကဲ့သို့     ပြန်လည်ကြိုးစားခဲ့ရသော ခေါင်လန်ဖူးဒေသ၊       ယခုနှစ်မှာတော့ ယင်းဒေသမှ    ဆရာ   ဆရာမများက စေတနာထား၊  အပင်ပန်းခံ သင်ကြားပေး ခဲ့ကြသောကြောင့်   အောင်မြင်မှု   သရဖူ ဆောင်းခဲ့ကြပါပြီ။      လှိုက်လှဲဝမ်းသာ ဖြစ်ခဲ့ရပါ၏။  

လူငယ်သင်တန်းကျောင်းများ၏ 
အောင်မြင်မှု

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်သည့်အခါတိုင်း  ကျွန်တော်   သတိ တရ    မေးမြန်းလေ့ရှိသည်မှာ   နယ်စပ် ရေးရာဝန်ကြီးဌာနအောက်ရှိ    နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ    ဖွံ့ဖြိုး ရေးကျောင်းများ၏   အောင်မြင်မှုများပဲ ဖြစ်ပါသည်။    ကျွန်တော်   နတလဦးစီး ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ ကတည်းက ရောက်သည့်နေရာမှာ ပညာ ရေးနှင့်  လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ 
ယင်းကျောင်းများသို့ ဝင်ရောက်ကြည့်ရှု ရင်း လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။     တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် တိုင်းရင်းသား၊ တိုင်းရင်း သူလေးများနှင့်    သီးခြားတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အောင်မြင် အောင်    ကြိုးစားကြရန်   တိုက်တွန်း မှာကြားခဲ့သည်။   ဂုဏ်ထူးထွက်လျှင် ဆုချမည်ဟု    ကတိကဝတ်ပြုခဲ့သည်။ ကတိပြုခဲ့သည့်အတိုင်း ဝန်ကြီးဌာန၏ဆုပေးပွဲအခမ်းအနားသို့ တက်ရောက် လာသော သူတို့လေးများကို တစ်ဘာသာ တစ်သိန်းနှုန်း    ကျွန်တော်   ဂုဏ်ပြုခဲ့ ပါသည်။ သူတို့လည်းပျော် ကျွန်တော် လည်း ပျော်ခဲ့ရဖူးပါသည်။

ယခုနှစ် အောင်မြင်မှုကတော့ ပိုမို တိုးတက်လာကြောင်း ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်မျိုးထံမှ သိရသည်။ နယ်စပ်ဒေသ   တိုင်းရင်းသားလူငယ် များ     ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ    ဝင်ရောက် ဖြေဆိုသူ ၈၇၄ ဦး၊ အောင်မြင်သူ ၅၃၇ဦး၊ အောင်မြင်မှုရာခိုင်နှုန်း ၆၁ ဒသမ ၄၄ ရာခိုင်နှုန်းဖြစ်ပြီး  ငါးဘာသာဂုဏ်ထူး ရရှိသူ  နှစ်ဦး၊     သုံးဘာသာ  ၄၃  ဦး၊ နှစ်ဘာသာ ၆၂ ဦး၊ တစ်ဘာသာ ၂၀၂ ဦး ရရှိခဲ့ကြောင်း သိရသည်။   ထိုအထဲကမှ   ထူးချွန်စွာအောင်မြင်ခဲ့သော   ကျောင်း များမှာ    ကြာအင်းဆိပ်ကြီး   လူငယ် ကျောင်းက ၁၀၀ ရာခိုင်နှုန်း၊ တီးတိန် လူငယ်ကျောင်းက     ၉၉   ဒသမ   ၄၄  ရာခိုင်နှုန်း၊   ပင်းတယ လူငယ်ကျောင်းက ၉၀ ဒသမ ၂၀ ရာခိုင်နှုန်း၊ မအူပင်လူငယ် ကျောင်းက ၈၈ ဒသမ ၀၀ ရာခိုင်နှုန်း၊ ဆိုက်ခေါင်လူငယ်ကျောင်းက ၈၂ ဒသမ ၅၀ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြသည်။

သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၏ အောင်မြင်မှု
ကျွန်တော်      ရောက်ရှိတာဝန် ထမ်းဆောင်နေသော   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အောက် ရှိ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အသေးစား စက်မှုလက်မှု     လုပ်ငန်းဦးစီးဌာနများ တွင်    တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းသားသမီးများ အနေဖြင့်လည်း အချို့က နယ်စပ်ဒေသ ရုံးအသီးသီးတွင် သွားရောက်နေထိုင် ဖြေဆိုခဲ့ကြသူများ ဖြစ်ကြသည်။ ရခိုင်ပြည်နယ်သမဝါယမဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ခင်ခင်လှိုင်၏ သမီး မသိင်္ဂီဖြိုးသည် ခြောက်ဘာသာ ဂုဏ်ထူးရရှိခဲ့သည်။ ထို့အတူ ကျေးလက်  ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) မှ   ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးလှခိုင်နှင့် ဇနီး ဒေါ်မီမီထွေးတို့၏သမီး     မရွှန်းလဲ့မီမီခိုင်သည်        လည်းပဲ ခြောက်ဘာသာဂုဏ်ထူး    ဆွတ်ခူးနိုင်ခဲ့ သည်။ မိမိတို့ဝန်ကြီးဌာနမှ ဖြေဆိုသူ ၁၇၃ ဦး၊ အောင်မြင်သူ ၁၁၈ ဦး အောင်မြင်မှု ရာခိုင်နှုန်း    ၆၈  ဒသမ  ၂ ရာခိုင်နှုန်းရှိပြီး        ခြောက်ဘာသာ  ဂုဏ်ထူးရှင်  နှစ်ဦး၊  ငါးဘာသာ လေးဦး၊ လေးဘာသာ ခုနစ်ဦး၊ သုံးဘာသာ ခြောက်ဦး၊ နှစ်ဘာသာ ၁၃ ဦး၊ တစ်ဘာသာ ၃၁  ဦး ဂုဏ်ထူးထွက်ခဲ့ကြ သည်။ 

ရင်ခုန်သံနည်းနည်းမြန်ခဲ့သည်

တက္ကသိုလ်ဝင်စာမေးပွဲ      အောင် စာရင်းထွက်သည်နှင့် ကျွန်တော့်မွေးရပ် မြေ   ဧရာဝတီတိုင်းဒေသကြီးအတွင်း က   ရိုးသားကြိုးစားဧရာဝတီသားများ ၏ အောင်မြင်မှုများကိုလည်း ချက်ချင်း ကြားခဲ့ရသည်။   လေးမျက်နှာ  အထက ကျောင်းမှ ခြောက်ဘာသာဂုဏ်ထူးရှင် သမီးငယ်တစ်ဦး      ထွက်ပေါ်လာသည်။   လှော်ကထား         အထကမှလည်း လေးဘာသာဂုဏ်ထူးရှင်များ  ပေါ်ထွက် လာသည်။ ကညင်တိုင်းအထက(ခွဲ)မှ သုံးဘာသာဂုဏ်ထူးရှင် သမီးငယ်လေး က ဝိဇ္ဇာဘာသာတွဲတွင်  ဧရာဝတီတိုင်း အတွင်း    အဆင့် ၉    ဝင်ခဲ့ကြောင်း သိရသည်။ အောင်မြင်မှု ရာခိုင်နှုန်းအရ ယင်းဆယ်အထက(ခွဲ)က ပထမ၊ ရေဖြူ အထက(ခွဲ)   ဒုတိယ၊  ပန်းတောကြီး အထက တတိယ၊  နင်းကြမ်းအထက စတုတ္ထ၊ မဲဇလီအထက ပဉ္စမ၊  လှော် ကထားအထက ဆဋ္ဌမတို့ဖြစ်ကြောင်း ကြားသိခွင့်ရခဲ့သည်။ နိုင်ငံတော်အနေ ဖြင့် အနာဂတ်လူငယ်လူရွယ်များအတွက် ပညာရေးကဏ္ဍ   ရင်းနှီးမြှုပ်နှံမှုများကို အလေးထားဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ဒေသများအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း မိမိတို့၏   ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကျောင်းသား တာဝန်ကို  ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြပေပြီ။  တစ်နိုင်ငံလုံး အနေဖြင့်    တက္ကသိုလ်ဝင်စာမေးပွဲ  အောင်ချက်ရာခိုင်နှုန်း  ၄၈ ဒသမ ၈၈ ရာခိုင်နှုန်းရှိခဲ့သည်။   နယ်စပ်ဒေသ၏   အောင်မြင်မှုများ၊ မွေးရပ်မြေတိုင်းဧရာဝတီ ၏   အောင်မြင်မှုများ၊  သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး    ဝန်ကြီးဌာန၏   အောင်မြင်မှုများကြောင့်     ထိုနေ့က ကျွန်တော် ရင်ခုန်သံနည်းနည်းမြန်ခဲ့သည်။ လှိုက်လှဲဝမ်းသာ  ပီတိဖြစ်ခဲ့ရ၏။        ။