ဟနွိုင်း ဇွန် ၂၂
ဗီယက်နမ်နိုင်ငံ၏ ဓာတ်ဆီ ဈေးနှုန်းသည် ယခုနှစ်တွင် စံချိန်တင်မြင့်တက်လာကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြ ချက်အရ သိရသည်။
ဗီယက်နမ်နိုင်ငံ၌ ယခုလတွင် လောင်စာဆီဈေးနှုန်းမြင့်တက်မှုသည် တတိယအကြိမ်မြောက် မြင့်တက်မှုဖြစ်ကြောင်း၊ ဇွန် ၂၁ ရက်မှစတင်ကာ RON 95 တစ် လီတာဈေးနှုန်းသည် ဗီယက်နမ် ၄၉၈ ဒေါင် (အမေရိကန်ဒေါ်လာ ၀ ဒသမ ၀၂၂ ဒေါ်လာခန့်) မှ ၃၂၈၇၃ ဒေါင် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁ ဒေါ်လာ) အထိ စံချိန်တင်မြင့်တက်လာခဲ့ကြောင်း သိရသည်။
RON 92 တစ်လီတာဈေးနှုန်း သည် ဗီယက်နမ် ၁၈၅ ဒေါင် (၀ ဒသမ ၀၀၈ အမေရိကန် ဒေါ်လာ) မှ ၉၉၉ ဒေါင် (၀ ဒသမ ၀၄၃ အမေရိကန်ဒေါ်လာ) သို့ မြင့််တက်လျက်ရှိကြောင်း သိရ သည်။ လောင်စာဆီဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ် ရန် ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီး ဌာနသည် ဓာတ်ဆီ၊ ဆီနှင့် အမဲဆီ ချောဆီများအတွက် သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေး အကောက်ခွန် နှုန်းထားများကို လျှော့ချရန် အကြံပြုထားကြောင်း သိရသည်။
ဆင်ဟွာ