နေပြည်တော် ဇွန် ၂၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနသည် တရားမဝင် သစ်နှင့်သစ်တောထွက် ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် (Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဇွန် ၁၃ မှ ၁၉ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၃၄ ဒသမ ၉၈၈၆ တန်၊ သစ်မာ ၂၃ ဒသမ ၀၅၄၄ တန်၊ အခြား ၄၁ ဒသမ ၂၉၅၈ တန် စုစုပေါင်း ၁၉၉ ဒသမ ၃၃၈၈ တန်၊ တရားခံ ၂၈ ဦး၊ ယာဉ်/ ယန္တရား ကိုးစီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော်ဦးစီးဌာနမှ သိရသည်။
သတင်းစဉ်