ရန်ကုန် ဇွန် ၂၂
ဒဂုံတက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီက ကြီးမှူး၍ ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇွန် ၂၁ ရက် နံနက် ၁၀ နာရီတွင် ဒဂုံတက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများနှင့် စိတ်ပါဝင်စားသည့် ကျောင်းသား ကျောင်းသူ ၁၅၀ ခန့် တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး စစ်တုရင်ကစား၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြိုင်ပွဲကို စတင်ကျင်းပခဲ့ရာ ကျောင်းသား ကျောင်းသူ ၆၈ ဦးခန့် ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ယနေ့ မွန်းလွဲ ၂ နာရီတွင် စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပရာ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌနှင့် စစ်တုရင်ဆပ်ကော်မတီ ဥက္ကဋ္ဌတို့က ဆုရရှိသည့် ပြိုင်ပွဲဝင် အမျိုးသား အမျိုးသမီး တစ်ဦးချင်း နှစ်သိမ့်ဆု (၄)ဆု၊ အမျိုးသား အမျိုးသမီး ပထမ၊ ဒုတိယ၊ တတိယနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုနှင့် အမျိုးသား၊ အမျိုးသမီး တံခွန်စိုက်ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
သတင်းစဉ်