နေပြည်တော်၊ ဇွန် ၂၂
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ ဇွန် ၂၇ ရက်တွင် ကျရောက် မည့် “မြန်မာနိုင်ငံ ဂီတနေ့” ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် Friday Night Live Show အဖြစ် တင်ဆက်မည့် “တေးဂီတဖျော်ဖြေပွဲ” ကို မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ MRTV-HD Channel မှ ဇွန် ၂၄ ရက် ၊ သောကြာနေ့ ည(၈)နာရီ သတင်း အပြီးတွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်တွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) တေးဂီတအဖွဲ့၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များ ဖြစ်ကြသည့် ဂျော်နီ၊ ဈာန်၊ ဇော်ထွေးလတ်၊ ဈာန်ထူး၊ မင်းသားလေး၊ ရွှေယမင်းဦး၊ အိအိချွန်၊ သီတာသိမ့်၊ ဇင်သူဇာထွန်း၊ ဇင်သူသူထွန်း၊ ချိုမီမီဇော်၊ ရေဂျီနားနှင့် သွန်းနေနေ တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
အဆိုပါ တင်ဆက်မှုကို ဇွန် ၂၆ ရက်၊ (တနင်္ဂနွေနေ့) နံနက်၁၀နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)