နေပြည်တော်၊ ဇွန် ၂၂
(၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပရေး ဦးစီး ကော်မတီအဖွဲ့ဝင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန၊ နီလာခန်းမ၌ ကျင်းပသော (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေး ဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား သည်။ အစည်းအဝေးသို့ ဆပ်ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနများမှ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို အနှစ်သာရပီပြင်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများကိုလည်း ဖွဲ့စည်းထားပါကြောင်း၊ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြု ညစာစားပွဲကျင်းပရေး ဆပ်ကော်မတီကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်များက ဦးစီးကာ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များဖြင့် တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကျွေးမွေးဧည့်ခံရေးအနေဖြင့် ပြိုင်ပွဲကျင်းပစဉ်တစ်လျှောက် အကဲဖြတ်ပညာ ရှင်များနှင့် ပြိုင်ပွဲဝင် ပုဂ္ဂိုလ်များအား နေ့စဉ် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်သဖြင့် အစားအစာ သန့်ရှင်း လတ်ဆတ်ရေး၊ အစာအဆိပ်သင့်မှု မဖြစ်ပေါ်စေရေး၊ ပြည့်စုံလုံလောက်မှု ရှိရေးနှင့် ကြွက်၊ ခြင်၊ ယင်ကောင် စသော ပိုးမွှားများ ကင်းရှင်းရေးတို့ကိုပါ အထူးအလေးထား ဂရုပြုဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊
ကျွေးမွေးဧည့်ခံရေးတွင် ဝန်ဆောင်မှုပေးရသော ဝန်ထမ်းများ၏ ဝတ်စားဆင်ယင်မှုနှင့် လုပ်ငန်းကျွမ်းကျင်မှု ရှိစေရန်အတွက် ကြိုတင်လေ့ကျင့်ပြင်ဆင်ရေး၊ တစ်ကိုယ်ရေ သန့်ရှင်းသပ်ရပ်မှုရှိရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးကိစ္စရပ်များကိုပါ ထည့်သွင်းစဉ်းစားပြီး ချို့ယွင်းအားနည်းမှုများမရှိစေရန် ဂရုပြုဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ အစားအစာများအား ပြိုင်ပွဲမကျင်းပမီအချိန်နှင့် ပြိုင်ပွဲကာလအတွင်း ကျွေးမွေးနိုင်ရန် ကျန်းမာရေးဝန်ကြီး ဌာနနှင့် ပေါင်းစပ်၍ သန့်ရှင်းပြီး ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးအတွက် စနစ်တကျ စစ်ဆေးဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီက တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆက်စပ်ဝန်ကြီးဌာနများဖြင့် ပေါင်းစပ်ကာ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ပေးကြစေ လိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဧည့်ခံကျွေးမွေးရေး၊ ကြိုဆိုရေးနှင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပရေးဆပ်ကော်မတီဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဆပ်ကော်မတီအနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး၊ ဒုတိယဥက္ကဋ္ဌ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးကာ ဆပ်ကော်မတီအတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်က အသေးစိတ်အစီအစဉ်များကို ရှင်းလင်း တင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ဆပ်ကော်မတီအဖွဲ့ဝင် များက သက်ဆိုင်ရာကဏ္ဍ အလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)