မိတ္ထီလာ ဇွန် ၂၄

မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး စစ်တုရင်ပြိုင်ပွဲကို ဇွန် ၂၄ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ဘာသာရပ်ပေါင်းစုံ  အမျိုးသား အမျိုးသမီး စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲတွင် ပါမောက္ခချုပ် ဒေါက်တာဘဟန်က အမှာစကားပြောကြားပြီး စစ်တုရင်ကစားကွက်အား စတင်ရွှေ့ကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် စစ်တုရင်ပြိုင်ပွဲဆိုင်ရာ စည်းကမ်းချက်များကို ဒိုင်လူကြီး ဦးတင်ဆွေဦးက ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို စတင်ကျင်းပသည်။

အဆိုပါ စစ်တုရင်ပြိုင်ပွဲသို့ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘူမိဗေဒ၊ အရှေ့တိုင်းပညာ၊ စီးပွားရေးပညာ၊ အင်္ဂလိပ်စာ၊ သတ္တဗေဒ ၊ ရုက္ခဗေဒ၊ သင်္ချာနှင့် ပထဝီဝင် ဌာနများမှ ကျောင်းသား ကျောင်းသူ ပြိုင်ပွဲဝင် ၃၄ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို ဇွန် ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)