ငါ့သရောက် ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် မိုးဦးကာလ စတင်စိုက်ပျိုးခဲ့သော နှမ်းစိုက်ခင်းများကို စတင်နှုတ်သိမ်းနေပြီး အထွက်နှုန်းမှာ အထူးကောင်းမွန်လျက်ရှိကာ အထွက်နှုန်းမှာလည်း တစ်ဧကလျှင် ၁၀ တင်းမှ ၁၅ တင်းအထိ ကောင်းမွန်ခဲ့ကြောင်း သိရသည်။
စတင်နုတ်သိမ်းချိန်ဖြစ်သည့်အတွက် နေ့စားအငှားလိုက်သူများမှာ တစ်နေ့လုပ်ခ ငွေကျပ် ၅၀၀၀ ရရှိပြီး အဆင်ပြေလျက်ရှိသည်။ နှမ်းစျေးနှုန်းမှာ တစ်တင်းလျှင် ငွေကျပ် ၅၀၀၀၀ မှ ၅၅၀၀၀ အထိရရှိကြောင်း နှမ်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
P.W.A