မြစ်ကြီးနား ဇွန် ၂၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ် ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ဇွန် ၂၄ ရက် နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြသည်။ ထို့နောက် ကချင်ပြည်နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သူက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပိုက်ကျော်ခြင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာဟန်ဝင်းသန်းက လက်ခံရယူသည်။

ထို့နောက် ပြည်နယ်နှင့်တိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လက်ရွေးစင် အဖွဲ့ဝင်များက သရုပ်ပြကစားခဲ့ကြပြီး အဆိုပါ မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇွန် ၂၄ ရက်မှ ၂၇ ရက်အထိ လေးရက်ကြာ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

ယော်ဆောင်(ပြန်/ဆက်)