မုံရွာ ဇွန် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၂၂ ရက် နံနက်ပိုင်းက ဟုမ္မလင်းမြို့၊ ဝိဇ္ဇာသိပ္ပံကောလိပ်သို့ ရောက်ရှိရာ အဆောက်အဦအထူးအဖွဲ့(၆)မှ တာဝန်ခံ အင်ဂျင်နီယာက ကျောင်းဆောင်အဆောက်အအုံများနှင့် ဝန်ထမ်းအိမ်ရာ၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ တည်ဆောက်နေမှုများအား ရှင်းလင်းတင်ပြပြီး ကျောင်းအုပ်ဆရာကြီးက ဘာသာရပ်အလိုက် သင်ကြားရေး လုပ်ငန်းများ၊ ကျောင်းသား၊ ဆရာအင်အား လိုအပ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဟုမ္မလင်းမြို့၊ ဝိဇ္ဇာသိပ္ပံ ကောလိပ် စာသင်ကျောင်းဆောင်၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင် အဆောက်အအုံများ တည်ဆောက်နေမှုများ၊ ဘာသာရပ်အလိုက် သင်ကြားရေး လုပ်ငန်းများနှင့် ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းအုပ်ဆရာကြီးထံ ငွေကျပ် ငါးသိန်း ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြိးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြာနေမှုများအား လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ ကျောင်းသား ကျောင်းသူ တစ်ဦးလျှင် ငွေကျပ် ငါးသောင်းစီ ထောက်ပံ့ပေးအပ်ကာ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များနှင့် RC သုံးထပ် ပင်မကျောင်းဆောင် အဆောက်အအုံ ဆောက်လုပ်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး၊ သတ်မှတ်အရည်အသွေးများနှင့်အညီ တည်ဆောက်ရေး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိရာ ဒေသခံကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကျောင်းဝင်းအတွင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေး၊ ကျောင်းဆောင်အဆောက်အအုံများ ကြံ့ခိုင်မှု ရှိစေရေးတို့ကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး ဟုမ္မလင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အသက် ၅ နှစ်မှ ၁၂ နှစ်ရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို သွားရောက်ကြည့်ရှု အားပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားပြီး မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးများထံ ဟုမ္မလင်းမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း ခြောက်ကျောင်း အတွက် သန့်စင်ခန်း ဆောက်လုပ်ရန် ငွေကျပ် သိန်း ၁၄၀ အားလည်းကောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၊ အခြေခံပညာအထက်တန်းကျောင်း သန့်စင်ခန်း ဆောက်လုပ်ရန်အတွက် ငွေကျပ် သိန်း ၄၀ အားလည်းကောင်း၊ ဟုမ္မလင်းမြို့ပေါ်ရှိ အမှတ် ၁ - ၂ အခြေခံပညာအထက်တန်းကျောင်းများအတွက် ငွေကျပ် ၅ သိန်းစီ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ရှိ မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ဆက်စကား ပြောကြားသည်။ ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသော မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသား ခေါင်းဆောင်များ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဟုမ္မလင်းမြို့ ဖွံ့ဖြိုးတိုးတက်ရေး၊ မြို့သန့်ရှင်းသာယာ သပ်ရပ်စေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ဟုမ္မလင်းမြို့၊ အမှတ်(၁၉) တပ်မတော်ဆေးရုံ ခုတင်(၁၀၀)သို့ ရောက်ရှိရာ ဆေးကုသမှု ခံယူနေကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး တာဝန်ရှိသူများနှင့်အတူ စားသောက်ဖွယ်ရာများ အားပေးအပ်ကာ တပ်မှူးထံ ငွေကျပ် ၅ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)