မတ္တရာ ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာအုပ်စု၊ မြွေဟင်္သာကျေးရွာရှိ မရင်းအင်းချောင်းတွင် ဇွန် ၂၄ ရက် နံနက်ပိုင်းက စက်လှေတစ်စီး နစ်မြုပ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြွေဟင်္သာကျေးရွာနေ တောင်သူလုပ်ကိုင်သူ ချမ်းမြေ့ဦး ၃၂ နှစ်၊ (ဘ)ဦးမဲနောင်က စက်လှေမောင်းနှင်ပြီး တစ်ရွာတည်းနေသူများဖြစ်သည့် ဇင်ကိုဦး(၂၇) နှစ်၊ (ဘ)ဦးမောင်ဆန်း၊ ကျော်သူအောင်(၄၀)နှစ်၊ (ဘ)ဦးလှအောင်၊ မင်းမင်းအေး(၃၈)နှစ်၊ (ဘ) ဦးမြဒင်၊ ဇင်မင်းထက်(၂၆)နှစ်၊ (ဘ)ဦးမဲနောင်တို့ ငါးဦး လိုက်ပါလာပြီး စကျင်ကျေးရွာသို့ အလုပ်လုပ်ရန် ထွက်ခွာလာခဲ့ရာမှ မရင်းအင်း ချောင်းအတွင်းတွင် စက်လှေနစ်မြုပ်ခဲ့သဖြင့် ချမ်းမြေ့ဦး၊ ကျော်သူအောင်၊ မင်းမင်းအေး၊ ဇင်မင်းထက်တို့ လေးဦးအား ဒေသခံပြည်သူများက အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး ဇင်ကိုဦးမှာ ချောင်းအတွင်း နစ်မြုပ်ပျောက်ဆုံးနေသဖြင့် မတ္တရာမြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ၊ MADAYA RESCUE အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(မတ္တရာမြို့နယ်ရုံး)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီး ကော်မတီရုံး (Mandalay Rescue Diver Team)၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ RESCUE (စဉ့်ကူးမြို့နယ်)နှင့် ဒေသခံပြည်သူများက လိုက်လံ ရှာဖွေခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် ဇင်ကိုဦးအား သေဆုံးလျက် တွေ့ရှိခဲ့သဖြင့် အလောင်းအား မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)