ရန်ကုန် ဇွန် ၂၄
မြို့နယ်လူမှုဖူလုံရေးရုံး၊ ရုံးခွဲ (၅) မင်္ဂလာဒုံမြို့နယ်၌ အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမား လုပ်ငန်းခွင်ပြင်ပတွင် တာဝန်ထမ်းဆောင်နေစဉ် ထိခိုက်သေဆုံးမှု အတွက် ကျန်ရစ်သူမိသားစုအား ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ် မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြား ရေးမှူးက မြို့နယ်လူမှုဖူလုံရေးရုံး၊ ရုံးခွဲ (၅) မင်္ဂလာဒုံမြို့နယ်တွင် အကျုံးဝင် မှတ်ပုံတင်ထား သော GF Engineering & Construction Co.,Ltd မှ အာမခံ အလုပ်သမားဦးဆန်းကျော် ခေတ္တတာဝန်ကျရာ ဖယ်ခုံမြို့နယ် အထက်ကယန်းကျေးရွာအုပ်စု ဆီဘူးမှ လုပ်ငန်းခွင်ရှိရာ မင်္ဂလာဒုံမြို့နယ်သို့အပြန် ၎င်းစီးနင်းလား သောကား မိုင်တိုင်(၇၉/၃-၇၉/၄) အရောက်တွင် ဘရိတ်ပေါက်ပြီး တောင်နံရံဝင်တိုက်ကာ ပေ ၂၀၀ နက်သော ချောက်ထဲပြုတ်ကျပြီး သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစုအား အကျိုး ခံစားခွင့်ငွေ ကျပ် ၁၅,၀၀၀,၀၀၀/-( ကျပ် သိန်းတစ်ရာ့ ငါးဆယ် ) နှင့် နာရေးစရိတ် ငွေကျပ် ၁၃၁၇၀၀၀/- အပါအဝင် စုစုပေါင်း ငွေကျပ် -၁၆,၃၁၇,၀၀၀/-( ကျပ် တစ်ရာခြောက်ဆယ့်သုံးသိန်း တစ်သောင်းခုနှစ်ထောင်) ကို ဇနီးဖြစ်သူ ဒေါ်ခင်စိုးကြည်အား အလုပ်ဌာနမှ တာဝန်ရှိသူနှင့် WCC အလုပ်သမားအဖွဲ့အစည်း ရှေ့မှောက် တွင် ပေးအပ်ခဲ့သည်။
(သတင်းစဉ်)