နေပြည်တော်၊ ဇွန် ၂၄

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၀ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ တောင်ကုတ်မြို့နယ်၊ ပြည်-တောင်ကုတ်ကားလမ်း၊ မိုင်တိုင်အမှတ်(၉၀/၂)အနီး၌ တရားမဝင် သစ်မျိုးစုံ(၃ ဒသမ ၄၉၂၂) တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၉,၂၂၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင်  ဧရာဝတီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အင်္ဂပူမြို့နယ်အတွင်း တရားမဝင် ကျွန်းတိုင်(၀ ဒသမ ၃၄၉၂)တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၅,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ထို့အတူ ဇွန် ၂၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး ဉီးဆောင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ် (၂)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်နှင့် စားသောက် ကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၅,၇၅၀,၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ကုန်တင် မော်တော်ယာဉ်(၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၀၀၀,၀၀၀)ကို အကောက်ခွန် လုပ်ထုံး လုပ်နည်းအရ လည်းကောင်း၊ ဇွန် ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် တိုင်းဒေသကြီး သစ်တောဦးစီး ဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ပဲခူးခရိုင်၊ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင် တို့အတွင်း တရားမဝင် ကျွန်းသစ်နှင့် အခြားသစ်မျိုးစုံ (၁၉ ဒသမ ၃၂၂၆)တန်၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ,၃၈၉,၃၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၁၃၉,၃၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက် လျက်ရှိသည်။

 

ထို့ပြင် ဇွန် ၂၂ ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်မြို့၊ ကုန်သေတ္တာ စစ်‌ဆေးရေးစခန်း တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုမ္ပဏီမှကျသင့်ဒဏ်ကြေးများ ပေးဆောင်နိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးဓာတုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၁,၉၃၉,၆၀၀)ကို လည်းကောင်း၊  မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ) ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ(ID) ဖွင့်လှစ်ပြီး လေးနှစ်ကျော်လွန်ပြီးသည်အထိ လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ် ခဲ့သည့် မော်တော်ယာဉ် (၉)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၉၅,၅၅၃,၂၈၄) ကို လည်းကောင်း၊ Myanmar Integrated Port Limited (MIPL)ဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန်ကြေညာလွှာ (ID) ဖွင့်လှစ်ပြီး ငါးနှစ်ကျော်လွန်ပြီးသည်အထိ လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်ခဲ့သည့် မော်တော်ယာဉ် (၈)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၁,၀၀၀,၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၈,၄၉၂,၈၈၄)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် ဇွန် ၂၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဝက်လက်မြို့နယ်အတွင်း Zomgsgen 125 CZI  အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

 

သို့ဖြစ်ပါ၍  ဇွန်  ၂၀ ရက်၊ ၂၁ ရက်၊ ၂၂ ရက်၊ ၂၃ ရက် ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီး ရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄၁ )မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်  ၄၂၃,၂၅၆,၄၀၄) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

(သတင်းစဉ်)