ပဲခူး ဇွန် ၂၄
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပခဲ့သော (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေး တံဆိပ်များရရှိခဲ့ကြသည့် ပဲခူးတိုင်းဒေသ ကြီးကိုယ်စားပြုနိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများအား ထပ်ဆင့် ဂုဏ် ပြုပွဲအခမ်းအနားကို ဇွန်၂၃ ရက် နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် အမှာစကားပြောကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် ဒုတိယတပ်မမှူး၊ တာဝန်ရှိသူများနှင့် များက ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင် အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများပေးအပ်ချီးမြှင့်ကြရာ အားကစားသမားများကိုယ်စား မြန်မာ့လက်ရွေးစင် အားကစားသမား မမေဟန်နီအောင်လွင် က ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနား၌ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ်(၆)ခု ရရှိအောင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမားများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရွှေတံဆိပ်တစ်ခုလျှင် (၁၀)သိန်း၊ ငွေတံဆိပ်တစ်ခု လျှင်(၇) သိန်းကျပ်၊ ကြေးတံဆိပ်တစ်ခုလျှင်(၅)သိန်းကျပ်နှင့် နည်းပြတစ်ဦး လျှင်(၅)သိန်းကျပ် စုစုပေါင်းအားကစား သမား(၉)ဦးနှင့်နည်းပြ(၅)ဦးတို့ကို ထပ်ဆင့်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)