နေပြည်တော်       ဇွန်       ၂၅

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်သူ့ဆက်ဆံရေးသင်တန်း (/၂၀၂၂) ဆင်းပွဲကို  ဇွန် ၂၅ ရက် မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာန နေပြည်တော် ယာဉ်မောင်စစ်ဆေးရေးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ စီမံရေးရာဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မိုးက အမှာစကားပြောကြားခဲ့သည်။ အဆိုပါ ပြည်သူ့ဆက်ဆံရေးသင်တန်းကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်နှင့် နေပြည်တော် တိုင်းရုံးတို့မှ ဝန်ထမ်း ၅၀ တက်ရောက်ခဲ့ကြကာ သင်တန်းတွင်  ရုံးဝန်ဆောင်မှု လုပ်ငန်းများနှင့် ပြည်သူ့ ဆက်ဆံရေးကဏ္ဍ၊ ကောင်းမွန်သော ဝန်ဆောင်မှုပေးခြင်းနှင့် သုံးသပ်ဆောင်ရွက်ရမည့် အခြေအနေ အရပ်ရပ်၊ မေတ္တာအပြုံးနှင့် ဂရုဏာနှလုံးသား၊ ပြည်သူ့ဆက်ဆံရေး သင်ခန်းစာ မှတ်စုတို့ကို သင်ကြား ပေးခဲ့ကြောင်း နေပြည်တော်ဦးစီးမှူးထံမှ သိရသည်။

မျိုးသီဟ(ပြန်/ဆက်)