နေပြည်တော်       ဇွန်       ၂၅

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိပ်ကျေးရွာ၌ ယခုနှစ်တွင် ပဲတီစိမ်းသီးနှံ (ရေဆင်း၁၁)မျိုးကို စိုက်ပျိုးလျက်ရှိပြီး အောင်မြင်ဖြစ်ထွန်းကာ စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ကျွန်တော် ဒီနှစ် ပဲတီစိမ်း (ရေဆင်း-၁၁) မျိုးကို စိုက်ပျိုးခဲ့တာ သီးနှံတွေ ဖြစ်ထွန်းအောင်မြင်တယ်၊ ရောင်းစျေးကလည်း ကောင်းတယ်၊ ယခင်နှစ်က ပဲတီစိမ်း တစ်တင်းကို ၃၂၀၀၀ ကျပ်နှုန်း ဝန်းကျင်သာရခဲ့ပြီး ယခုနှစ်မှာတော့ တစ်တင်းကို ၄၅၀၀၀ ကျပ်နှုန်း ဝန်းကျင် ရတဲ့အတွက်  စျေးကောင်းရလို့ ဝင်ငွေတိုးခဲ့ ပါတယ် ဟု ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိပ်ကျေးရွာနေ တောင်သူ ဦးကျော်ဦး၏ ပြောပြချက်အရ သိရသည်။

မျိုးသီဟ(ပြန်/ဆက်)