ဒါကာ ဇွန် ၂၇
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ချောင်းများရေလျှံမှုများကြောင့် ပြီးခဲ့သည့်လမှစ၍ လူ ၈၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ယနေ့ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကျန်းမာရေးအရေးဆိုင်ရာ ခွဲစိတ်ကုသရေးနှင့် ထိန်းချုပ်ရေးစင်တာ၏ ပြောကြားချက်အရ အဆိုပါသေဆုံးသူများသည် မေ ၁၇ ရက်နှင့် ဇွန် ၂၅ ရက်အကြားတွင် သေဆုံးခဲ့ကြခြင်းဖြစ်ပြီး အများစုမှာ ရေနစ်သေဆုံးခဲ့ကြကာ ကျန်တချို့မှာ မြွေကိုက်ခံရခြင်း၊ မိုးကြိုးပစ်ခံရခြင်းနှင့် အခြားအကြောင်းများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရေကြီးရေလျှံမှုများကြောင့် လူကိုးဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါသေဆုံးသူများအနက် ခုနစ်ဦးမှာ ရေနစ်သေဆုံးပြီး ကျန်နှစ်ဦးမှာ မြွေကိုက်ခံရမှုနှင့် အခြားအကြောင်းများကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ