နယူးဒေလီ ဇွန် ၂၇
အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇၀၇၃ ဦး ထပ်မံ တွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၄၃၄၀၇၀၄၆ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေထုတ်ပြန်သည့်အချက်အလက်များအရ သိရသည်။
အလားတူ အိန္ဒိယနိုင်ငံတွင် ဇွန် ၂၆ ရက် နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါဖြင့် လူနာ ၂၁ ဦး ထပ်မံသေဆုံးခဲ့ခြင်းကြောင့် လက်ရှိအချိန်အထိ ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၅၀၂၀ ရှိလာကြောင်း သိရသည်။
အိန္ဒိယနိုင်ရှိ လက်ရှိနေ့စဉ်ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမှာ ၅ ဒသမ ၆၅ ရာခိုင်နှုန်းခန့်နှင့် အပတ်စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းမှာ ၃ ဒသမ ၃၉ ရာခိုင်နှုန်းခန့်စသည်ဖြင့် အသီးသီးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် အိန္ဒိယတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ လက်ရှိ ကူးစက်ခံနေရသောလူနာ ၁၈၄၄ ဦး ထပ်မံ တိုးလာခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် ထိုရောဂါ ကူးစက်ခံနေရသောလူနာပေါင်း ၉၄၄၂၀ ခန့်ရှိ နေဆဲဖြစ်ကြောင်း သိရသည်။
သို့သော် အိန္ဒိယနိုင်ငံရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောလူနာ ၄၂၇၈၇၆၀၆ ဦးတို့သည် ဆေးဝါးကုသမှု အောင်မြင်စွာ ခံယူခဲ့ပြီးနောက် ဆေးရုံများမှ ပြန်ဆင်းခဲ့ကြပြီး ယင်းတို့အနက် လူနာ ၁၅၂၀၈ ဦးသည် လွန်ခဲ့ သည့် ၂၄ နာရီအတွင်း ဆေးရုံများမှ ပြန်ဆင်းခွင့်ရခဲ့ခြင်းဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ