ဆိုးလ် ဇွန် ၂၇
တောင်ကိုရီယားနိုင်ငံ၌ ပြီးခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၂၉ ဦး ထပ်မံတွေ့ရှိရသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၃၂၉၄၄၈ ဦး ရှိလာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။
နိုင်ငံအတွင်း နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တစ်သောင်းအောက် လျော့နည်းလာသည်မှာ ၁၈ ရက်ကြာရှိခဲ့ပြီဖြစ်ကြောင်း တောင်ကိုရီးယား ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအေဂျင်စီက ပြောကြားသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း နေ့စဉ်ပျမ်းမျှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၀၆၇ ဦး ရှိသည်။ နိုင်ငံအတွင်း ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ၃၄၆၈၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၂၄၅၂၅ ဦး ရှိသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ