နန်ချန် ဇွန် ၂၈
တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံ ၂ ဒသမ ၀၅ သန်းခန့် အကျိုးသက်ရောက်မှုများရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပြည်နယ်အတွင်းရှိ ခရိုင် ၇၄ ခုတွင် နေထိုင်သည့် ဒေသခံ ၃၀၂၀၀၀ကို ပြန်လည်နေရာချထားပေးခဲ့ရကြောင်း ပြည်နယ်ရေကြီးမှုထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျှော့ချရေးဌာနက ပြောကြားသည်။
ယခု မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် စိုက်ပျိုးမြေဟက်တာ ၁၅၀၀၀၀ ပျက်စီးခဲ့ပြီး တရုတ် ယွမ်ငွေ ၆ ဒသမ ၇၉ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းမိုးသည်းထန်စွာရွာသွန်းခဲ့သည့် ဒေသများရှိဒေသခံများအား မိုးကာတဲများ၊ အိပ်ရာများ၊ မျက်နှာသုတ်ပဝါများနှင့် အဝတ်အထည်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ