ချောက် ဇွန် ၂၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ အမှတ်(၇) ရပ်ကွက်၌ ဧရာဝတီမြစ်ရေ ဝင်ရောက်သော အိမ်ထောင်စုများအား ဆန်ရိက္ခာ ထောက်ပံငွေများပေးအပ်ခြင်းကို ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာန ခန်းမတွင် ဇွန် ၂၈ ရက် ညနေပိုင်းက ပေးအပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့ငွေပေးအပ်ခြင်းကို ချောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးစောမြဖောင်းတို့က ယာယီပြောင်းရွှေ့နေထိုင်ရသည့်အိမ်ထောင်စု ၂၀၊ အိမ်ခြေ ၂၀၊ လူဦးရေ စုစုပေါင်း ၈၂ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့် ဆန်ရိက္ခာထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် ၁၇၂၂၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် အဆိုပါ ရေဘေးရှောင်ပြည်သူများကို ယင်းရပ်ကွက်ရှိ စားသုံးသူရေးရာ ဂိုဒေါင်ဝင်း၊ ဓာတ်မီးဂိုဒေါင်ဝင်း နေရာတို့တွင် ယာယီနေရာချထားပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)