ကော့သောင်း ဇွန် ၂၈
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၏ MoU စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်ရေး လုပ်ငန်းစဉ်အရ ဇွန် ၂၈ ရက် မွန်းလွဲပိုင်းက ကော့သောင်း နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာအလုပ်သမား ၉၀ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားခဲ့သည်။
အဆိုပါ မြန်မာအလုပ်သမား ၉၀ အား ပြည်ပအလုပ်အကိုင် အကျိုးဆောင်(ထိုင်း) လိုင်စင်ရ အေဂျင်စီ ဖြစ်သည့် Loving World Services Co, Ltd မှ ထိုင်းနိုင်ငံရှိ Sino–Thai Engineering & Construction Public Co, Ltd သို့ နှစ်နှစ်စာချုပ်ဖြင့် အလုပ်လုပ်ကိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ကာ ရန်ကုန်မြို့မှ တစ်ဆင့် ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ခေါ်ယူခဲ့ပြီး ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)