ကန့်ဘလူ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီးဦ ကန့်ဘလူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးသီးနှံစုံ ၆၃၅၅၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးမှူး ဦးစိုးမင်းဦးထံမှ သိရသည်။
၂၀၂၂- ၂၀၂၃ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် မိုးသီးနှံစုံ ၅၈၇၁၃၂ ဧက စိုက်ပျိုးရန်လျာထား ပြီး ၂၀၂၂ ခုနှစ် မေလမှစတင် စိုက်ပျိုးခဲ့ရာ ယနေ့အထိ မိုးသီးနှံစုံ ၆၃၅၅၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် စိုက်ပျိုးပြီးသီးနှံများအနေဖြင့် ပဲမျိုးစုံသီးနှံ ၁၃၈၂၃ ဧက၊ ဆီထွက်သီးနှံ ၃၈၉၇ ဧက၊ ကြံ ၂၄၄၁ ဧက၊ နှစ်ရှည်ပင် ၃၅၄၅၇ ဧက၊ ပရဆေး ၆၁၅ ဧကနှင့် အခြားသီးနှံ ၇၃၂၅ ဧက စုစုပေါင်း ၆၃၅၅၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)