ပုသိမ် ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မဒေါ့ကုန်းကျေးရွာရှိ တောင်သူဦးဌေးလှိုင်၏ ကွင်းအမှတ် (၆၃၂)၊ ဦးပိုင်အမှတ် (၁/၆)ရှိ RS-CS မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း ၁၀ ဧကတွင် ပေါ်ဆန်းရင် မျိုးစပါးအား ပေါင်စနစ်ဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းကို ဇွန် ၂၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
စိုက်ပျိုးပွဲတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးလှိုင်မျိုးသန့်က တောင်သူများအား ပေါင်စနစ်ဖြင့် ပျိုးထောင်ခြင်း၏ အကျိုးကျေးဇူးများ၊ စပါးမျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလင်းကိုကိုက တောင်သူများ၏ လိုအပ်ချက်များအား မေးမြန်းဆွေးနွေးကာ တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ပုသိမ်မြို့နယ်ရှိ ကျေးရွာအုပ်စု ၁၃ အုပ်စုမှ တောင်သူ ၉၆ ဦး၏ လယ်ဧက ၄၂၉ ဧကတွင် မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)