မုံရွာ ဇွန် ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် မိုးလုံလေလုံခန်းမ၌ မုံရွာတက္ကသိုလ် ၂၀၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဇွန် ၂၉ ရက် နံနက်ပိုင်းက ပြုလုပ်ရာ မုံရွာတက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီ နာယက ဒုတိယ ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းနှင့် ပြိုင်ပွဲကျင်းပ‌ရေး ဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အသင်းများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ မုံရွာတက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီ နာယက ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းသန်းဝင်းနှင့်အဖွဲ့သည် သမိုင်းအသင်းနှင့် (မြန်မာ၊ ပထဝီ၊ အရှေ့တိုင်း) အသင်းတို့ ပိုက်ကျော်ခြင်း နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးပြီး ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပခဲ့သည်။ အဆိုပါ မုံရွာတက္ကသိုလ် ၂၀၂၂ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲကို မုံရွာတက္ကသိုလ်ရှိ ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း ခြောက်သင်းက ဇွန် ၂၇ ရက်မှ ၂၉ ရက်ထိ ယှဉ်ပြိုင်ခဲ့ကြပြီး အသင်းလိုက် ပထမဆုရရှိသော သမိုင်းအသင်းအား ဂုဏ်ပြုငွေ ကျပ် ၅၀၀၀၀၊ ဒုတိယဆုရရှိသော (မြန်မာ၊ ပထဝီ၊ အရှေ့တိုင်း) အသင်းအား ဂုဏ်ပြုငွေ ကျပ် ၄၀၀၀၀ နှင့် ပိုက်‌ကျော်ခြင်း နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရ  သမိုင်းအသင်းအား ဂုဏ်ပြုငွေ ကျပ် ၃၀၀၀၀၊ ဒုတိယဆုရရှိသော (မြန်မာ၊ပထဝီ၊အရှေ့တိုင်း) အသင်းအား ဂုဏ်ပြုငွေ ကျပ် ၂၀၀၀၀ တို့ကို ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)