နေပြည်တော်၊ ဇွန်  ၂၉

 

 သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ်(၇၂)ကို ဇူလိုင် ၁ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့် မည်ဖြစ်သည်။

 

အဆိုပါကိုဗစ်-၁၉ဆိုင်ရာ အသိပညာမျှဝေမှုအစီအစဉ်ကို အစီအစဉ်တင်ဆက်သူ ထူးပြည့်အောင်နှင့် ခိုင်သဇင်ဦးတို့က တင်ဆက်ကြမည်ဖြစ်ပြီး  လူရွှင်တော်အသင်းမှ မိသားစုများ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ရာ ယင်းပြိုင်ပွဲများကို ဇူလိုင် ၁ ၊ ၂ နှင့် ၃ ရက်နေ့များတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HDမှ ညနေ ၆ နာရီ သတင်းအပြီးတွင် ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)