နေပြည်တော် ဇွန် ၂၉

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် ဦးဝင်းသော်၊ ဒေါ်သန်းသန်းဆွေနှင့် ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းအမှုထမ်းများသည် ယနေ့ညနေပိုင်း တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ရုံးအမှတ်(၅၅)ရှိ အားကစား ကွင်းများတွင် ကျင်းပနေသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်(၇၀)ပြည့် နှစ်ပတ်လည် နေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို တက်ရောက်ကြည့်ရှု အားပေးကြသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်(၇၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများ စိတ်အပန်းပြေစေရေး၊ ဝန်ထမ်းတိုင်းမိမိတို့ ဝါသနာပါရာ အားကစားနည်းများဖြင့် ကျန်းမာ ပျော်ရွှင်စွာ ကိုယ်လက်လှုပ်ရှားစေရေး၊ ဝန်ထမ်းများအချင်းချင်း အသင်းအဖွဲ့စိတ်ဓါတ်ဖြင့် ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ ပူးပေါင်းဆောင်ရွက်မှု စိတ်ဓါတ်များနှင့် ချစ်ကြည် ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရေးစသည့်ရည်ရွယ်ချက်များဖြင့် အားကစား ပြိုင်ပွဲများ ဖြစ်သည့် ဘော်လီဘောပြိုင်ပွဲ (အမျိုးသား)၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ (အမျိုးသား)၊ ထုပ်ဆီးတိုးပြိုင်ပွဲ(အမျိုးသမီး)၊ ကြက်တောင်ရိုက်ပြိုင်ပွဲ (အမျိုးသား/ အမျိုးသမီး)၊ စားပွဲတင် တင်းနစ်ပြိုင်ပွဲ (အမျိုးသား) အားကစားပြိုင်ပွဲများကို ဇွန် ၁၅ ရက်မှ ယနေ့အထိ ကျင်းပခဲ့သည်။

 

ယနေ့ကျင်းပသည့် ဘော်လီဘောပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲတွင် သတင်းနှင့် လုံခြုံရေးဌာန (က) အသင်းနှင့်  စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန (က)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သတင်းနှင့်လုံခြုံရေး (က)အသင်းကလည်းကောင်း၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ (အမျိုးသား)ဗိုလ်လုပွဲတွင် ငွေကြေးစီမံခန့်ခွဲမှုဌာန (က)အသင်းနှင့်ငွေကြေးစီမံခန့်ခွဲမှုဌာန (ခ)အသင်း ယှဉ်ပြိုင်ကစားကြရာ ငွေကြေးစီမံခန့်ခွဲမှုဌာန (ခ)အသင်းကလည်းကောင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။ 

 

အားကစားပြိုင်ပွဲများတွင် ဘော်လီဘောပြိုင်ပွဲ (အမျိုးသား)ပြိုင်ပွဲတွင် သတင်းနှင့် လုံခြုံရေးဌာန (က) အသင်းက ပထမ၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ဌာန(က)အသင်းက ဒုတိယနှင့် ငွေကြေးစီမံခန့်ခွဲမှုဌာနက တတိယဆုများကိုလည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ(အမျိုးသား)ပြိုင်ပွဲ တွင် ငွေကြေးစီမံခန့်ခွဲမှုဌာန (က)အသင်းက ပထမ၊ ငွေကြေးစီမံခန့်ခွဲမှုဌာန (ခ)အသင်းက ဒုတိယနှင့် ဥက္ကဋ္ဌရုံးက တတိယဆုများကိုလည်းကောင်း၊ ထုပ်ဆီးတိုးပြိုင်ပွဲ (အမျိုးသမီး)ပြိုင်ပွဲတွင် ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနက ပထမ၊ ငွေကြေးစီမံခန့်ခွဲမှုဌာနက ဒုတိယနှင့် စီမံခန့်ခွဲမှု နှင့်လူသား အရင်းအမြစ်ဖွံ့ဖြိုးရေးဌာနက တတိယဆုများကိုလည်းကောင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲ (အမျိုးသား) တစ်ဦးချင်းပွဲစဉ်တွင် စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာနက ပထမ၊ သတင်းနှင့်လုံခြုံရေး ဌာနက ဒုတိယနှင့်တတိယဆုများကိုလည်းကောင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲ (အမျိုးသမီး)ပွဲစဉ်တွင် စာရင်းဌာနက ပထမနှင့်ဒုတိယ၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာနက တတိယ ဆုများကို လည်းကောင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ (အမျိုးသား)ပွဲစဉ်တွင် ဘဏ်တွင်းစာရင်း စစ်ဌာနက ပထမ၊  သတင်းနှင့်လုံခြုံရေးဌာနက ဒုတိယနှင့်တတိယဆုများ ကိုလည်းကောင်း ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဆုရအားကစားအသင်းများ နှင့် အားကစားသမားများကို ဇူလိုင် ၁ ရက်တွင် ကျရောက်မည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် နှစ်(၇၀)ပြည့် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ညစာစားပွဲတွင် ထိုက်တန်စွာဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)