ဘားအံ ဇွန် ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အကျဉ်းဦးစီးဌာန မိသားစုဝင်များ၊ ဘားအံအကျဉ်းထောင်ရှိ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူတို့အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာကွယ်နိုင်ရေးအတွက် ဇွန် ၂၉ ရက် နံနက်ပိုင်းက ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ဘားအံမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မိုးအေးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်အဖြစ် မိသားစုဝင်(၇)ဦးအား COVID Shield အမျိုးအစား ကာကွယ်ဆေးအားလည်းကောင်း၊ Booster Does အဖြစ် မိသားစုဝင် (၃၇)ဦးတို့အား Covaxin နှင့် COVID Shield အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးတို့အား လည်းကောင်း၊ အကျဉ်းသား (၁၁)ဦး၊ အကျဉ်းသူ (၅)ဦး၊ အချုပ်သား (၂၆)ဦး၊ အချုပ်သူ (၅)ဦးတို့အား COVID Shield အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးအား လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် အကျဉ်းသား (၈၁)ဦး၊ အကျဉ်းသူ (၃၃)ဦး၊ အချုပ်သား (၁၂)ဦး၊ အချုပ်သူ (၇)ဦးတို့အား Covaxin အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးအား လည်းကောင်း၊ တတိယအကြိမ်အဖြစ် အကျဉ်းသား (၂၂၂)ဦးအား Covaxin နှင့် COVID Shield အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးတို့အား လည်းကောင်း ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းအား ဘားအံအကျဉ်းထောင်  တာဝန်ခံအရာရှိ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှရွှေနှင့် အကျဉ်းထောင်ဆရာဝန် ဒေါက်တာဇော်မင်းလတ်တို့မှ အနီးကပ် ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသော အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)