သရက်ချောင်း ဇူလိုင် ၅
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်)လအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှလှထွန်းနှင့် ဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီတွင် အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်အတွင်း နိုင်ငံတော်မှ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၈၂၃)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၂၄၆၉၀၀၀၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ လွှဲပြောင်းပေးအပ်၍ ၎င်းမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လည်းကောင်း၊ အိမ်တိုင်ရာရောက်သွားရောက်၍ လည်းကောင်း ပထမသုံးလပတ်အတွက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)