နေပြည်တော် ဇူလိုင် ၅

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့၌ ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲသို့ သွားရောက်လေ့လာလိုသူများအနေဖြင့် https://register.generalaungsanmuseum.com/ သို့ ဝင်ရောက်၍ Online မှ တစ်ဆင့် ကြိုတင်စာရင်းသွင်းနိုင်ပြီဖြစ်ပြီး Online Registration မှ လျှောက်ထား လာသူများသည်  သီးခြားဝင်ပေါက်မှတစ်ဆင့် အချိန်ကြန့်ကြာမှုမရှိဘဲ ဝင်ရောက်လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)