mdn

နေပြည်တော်၊ ဇူလိုင် ၅

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန် ဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော် စည်ပင် သာယာရေးကော်မတီ၊ မြို့တော်ခန်းမရှိ မင်္ဂလာခန်းမ၌  ကျင်းပသည်။ 

ရှေးဦးစွာ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ 

ယင်းနောက် မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်က ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသူ မအိမ့်သည်းဦးကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က (၅)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၁)ဦးနှင့်  (၂)ဘာသာ ဂုဏ်ထူးရရှိသူ(၂)ဦးကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများက (၂)ဘာသာ ဂုဏ်ထူးရရှိသူ(၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ(၉)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၀)ကို လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကိုယ်စား (၆)ဘာသာဂုဏ်ထူးရှင် မအိမ့်သည်းဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများက ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)