တိုကျို ဇူလိုင် ၆
ဂျပန်အစိုးရသည် ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံသို့ စစ်ဆင်ရေးဆင်နွှဲခဲ့ခြင်း ကြောင့် ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာမဖူလုံမှုကို ကိုင်တွယ် ဖြေရှင်းရာတွင် အကူအညီပေးရန် အမေ ရိကန်ဒေါ်လာ သန်း ၂၀၀ အထောက်အပံ့ ပေးရေး တရားဝင်ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာ ပြဿနာအတွက် ကန်ဒေါ်လာ သန်း ၂၀၀ အကူအညီပေးမည့် အသေးစိတ်အစီအစဉ် များနှင့်စပ်လျဉ်း၍ ဇူလိုင် ၅ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ဝန်ကြီးများ အစည်းအဝေးတွင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီး ဟာယာရှီ ယိုရှီမာဆာက အတိ အလင်းကြေညာခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံက အကူအညီပေးမည့် ကန်ဒေါ်လာ သန်း ၂၀၀ သည် ယူကရိန်း နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ ဆန်စပါးတင်ပို့မှု ကျဆင်းခဲ့ခြင်းကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုဒဏ်ခံခဲ့ရသည့် အရှေ့အလယ် ပိုင်းနှင့် အာဖရိကနိုင်ငံများသို့ စားနပ် ရိက္ခာများ ထောက်ပံ့ပေးရန်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြား သည်။
ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့် အဆိုပါငွေကြေးများ ဖြန့်ဖြူးပေး နိုင်ရန် အကူအညီပေးလိမ့်မည်ဖြစ်ကြောင်း နှင့် ယင်းငွေကြေးသည် စားနပ်ရိက္ခာ ထုတ်လုပ်မှုစွမ်းဆောင်ရည်ကို မြှင့်တင် နိုင်လိမ့်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြား ရေးဝန်ကြီး ဟာယာရှီယိုရှီမာဆာက ပြောကြားသည်။
ဂျပန်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုရှိရေးအတွက် ဂျီ-၇ နိုင်ငံများအပါအဝင် အခြားသောနိုင်ငံများ နှင့် အတူတကွ ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
ဂျပန်ဝန်ကြီးချုပ် ကီရှီဒါကလည်း ဇွန်လနှောင်းပိုင်းတွင် ဂျာမနီနိုင်ငံ၌ ကျင်းပခဲ့သည့် ဂျီ-၇ ထိပ်သီးအစည်းအဝေး တွင် ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာ ဖူလုံမှုရှိရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ပေးရန် ကတိပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အလင်းသစ်