ဟနွိုင်း    ဇူလိုင်   ၆

ဗီယက်နမ်နိုင်ငံသည် ယခုနှစ်  ပထမခြောက်လ အတွင်း ပြည်ပသို့ အဝတ်အထည်တင်ပို့မှုမှ ဝင်ငွေ  အမေရိကန်‌ဒေါ်လာ ၁၈ ဒသမ ၆ ဘီလီယံရရှိခဲ့ပြီး ယခုရရှိခဲ့သည့်ဝင်ငွေသည်     ယမန်နှစ်အလားတူ ကာလကထက် ၂၁ ဒသမ ၆ ရာခိုင်နှုန်း တိုးတက် လာခဲ့ကြောင်း စက်မှုဝန်ကြီးဌာနက ပြောကြားသည်။ 

ဗီယက်နမ်နိုင်ငံ၏ အဝတ်အထည်တင်ပို့မှုမှ  ဇွန်လအတွင်းမှာပင် ၃ ဒသမ ၆ ဘီလီယံရရှိခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ ပြည်ပနိုင်ငံများအား အဝတ် အထည်များစွာ      တင်ပို့ရောင်းချနိုင်ခဲ့ခြင်းသည်  လွတ်လပ်စွာကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် များအား     ထိရောက်စွာ   အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ 

ယခုနှစ်အတွင်း  အဝတ်အထည်များ  ပြည်ပ တင်ပို့ရောင်းချရာမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၄၃ ဒသမ ၅ သန်းရရှိမည်ဟုခန့်မှန်းထားသည်။ 
အဝတ်အထည်များ    ပြည်ပတင်ပို့  ရောင်းချ ခြင်းမှ  ယမန်နှစ်အတွင်း   အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၇ ဘီလီယံ ရရှိခဲ့ကြောင်း ဗဟိုစာရင်းအင်းရုံးက   ပြောကြားသည်။ 

ဗီယက်နမ်နိုင်ငံ၏  အဝတ်အထည်ဈေးကွက် များမှာ    တရုတ်၊   ဂျပန်၊   တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ ဖြစ်သည်။ 

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ