နယူးဒေလီ ဇူလိုင် ၆
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၀၈၆ ဦး ထပ်မံတွေ့ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၄၃၅၃၁၆၅၀ ရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဌာန၏ နောက်ဆုံးအချက်အလက်များ အရ သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၉ ဦးထပ်တိုးလာခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၅၂၄၂ ဦးရှိလာကြောင်းနှင့် လက်ရှိအချိန် တွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူ အရေအတွက်သည်လည်း မြင့်တက် လာလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာပေါင်း ၁၁၄၄၇၅ ဦး ရှိကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက် အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၁၃၉၅၈ ဦး ထပ်တိုးလာ ခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာ လာသူပေါင်း ၄၂၈၉၁၉၃၃ ဦးရှိလာကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်