ချောင်းဆုံ ဇူလိုင် ၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မဟာကန်တော်ကြီးအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇူလိုင် ၆ ရက် နံနက်ပိုင်းက ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

မဟာကန်တော်ကြီးအတွင်း ငါးမျိုးစိုက်ထည့်ရာတွင် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀)၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၃၀၀၀၀)၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ (၂၀၀၀၀) စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၁)သိန်းကို ငါးမျိုးစိုက်ထည့်ခဲ့သည်။

ဆက်လက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကုလားဘီကျေးရွာရှ ိမွေးမြူရေးခြံပိုင်ရှင် ဦးအေးကို၏ နေအိမ်အတွင်း မွေးမြူထားသည့် အသားစားကြက်နှင့် ဝက်မွေးမြူရေခြံသို့ သွားရောက်ကာ မွေးမြူရေး၏ စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကြက်ချေးနှင့် ဝက်ချေးတို့ဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်မှုနှင့် ပတ်သတ်၍ လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)