ကျောက်ပန်းတောင်း ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ဥယျာဉ်တွင် သစ်တောဦးစီးဌာန၊ ပုပ္ပားတောင်ဥယျာဉ်နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၆ ရက် နံနက်ပိုင်းက အဆိုပါဥယျာဉ်ရှိ ကင်မွန်းတောင်ကုန်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ခရိုင်သစ်တောဦးစီးမှူး ဦးဇော်လင်း၊ မြို့နယ်သစ်တောဦးစီးမှူး ဦးဝင်းဇော်နှင့် ဝန်ထမ်းများ၊ ပုပ္ပားတောင်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်နှင့် ဝန်ထမ်းများ၊ ပုပ္ပားဧည့်ရိပ်သာမှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပုပ္ပားကျေးရွာမှ လူမှုရေးအသင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၆၁ ဦးဖြင့် ဥယျာဉ်အတွင်း ကင်မွန်းတောင်ကုန်းရှိ မြေအကျယ် ၀ ဒသမ ၈၈ ဧကပေါ်၌ ပျိုးပင်အမြင့် ၇ ပေမှ ၁၀ ပေရှိသော စံကားဝါ၊ သစ်ဆိမ့်၊ အင်ကြင်း၊ ပျဉ်းကတိုး၊ ကံ့ကော်၊ ပိတောက်၊ မဟော်ဂနီ အစရှိသည့် ပျိုးပင် ၄၇၅ ပင်ကို စိုက်ပျိုးပေးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)