တောင်ငူ ဇူလိုင် ၆

တက္ကသိုလ်ပရဝဏ် စိမ်းလန်းစိုပြည်စေရေးနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၆ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူနည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်း ကျင်းပခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလှိုင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်သစ်တောဦးစီးဌာနနှင့် Save the tree သစ်ပင်စိုက်ပျိုးရေးနှင့် ရေရှည်ရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းတို့မှ ပျိုးပင်များ ပေးအပ်လှူဒါန်းသည်။ ထို့နောက် ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ Save the tree သစ်ပင်စိုက်ပျိုးရေးနှင့် ရေရှည်ရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း၊ တက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ  ဆရာမများ၊ ကျောင်းသား ကျောင်းသူများက အဖိုးတန်သစ်မျိုးများဖြစ်သည့် တပေဘူတ ၁၀၅ ပင်၊ ကံ့ကော်ပင် ၃၀၊ စိန်ပန်းနီ/ပြာ ပင် ၂၀၊ ငုစပ်ချယ်ရီ ၁၅ ပင်၊ ပျဉ်းမ ၁၀ ပင်၊ စည်သပြေ ၁၀ ပင်၊  တည်ပင် ၁၀ ပင်၊ မဉ္ဇူသက ၁၀ ပင်နှင့် မဟောဂနီ ၁၀ ပင် စုစုပေါင်း ပျိုးပင် ၂၂၀ ကို ပင်မ လေးထပ် စာသင်ဆောင် အနောက်ဘက်နှင့် ဂိတ် ၁ အရှေ့ဘက်တို့၌ စုပေါင်းစိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)