နေပြည်တော်၊ ဇူလိုင် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်နှင့် တာချီလိတ်မြို့နယ်တို့တွင် ငွေကျပ် သိန်း ၂,၈၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ် ၁ လက် ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၃ ရက် နံနက် ၈ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ဟိုတယ်အနီးတွင် စိုင်းဆိုင်ရွက်ဖူး မောင်းနှင်ပြီး စိုင်းဝင်းရှဲန် လိုက်ပါလာသည့် CROWN မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်တို့အား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ် ချက်အရ နံနက် ၉ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စိုင်းခမ်းထောင်းကို အဆိုပါနေရာအနီးတွင် CROWN မော်တော်ယာဉ် ၁ စီးနှင့် အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက် စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၁ နာရီအချိန် တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာနေ စိုင်းနောင့် ၏နေအိမ်အားရှာဖွေရာ စိုင်းနောင့်မှာ တိမ်းရှောင်လျက်ရှိပြီး စိုင်းဆိုင်ဝမ်းလျန်းနှင့် စိုင်းဟန်ခေးစက် တို့ ၂ ဦးကို အိုက်စ် (မက်သ်အဖက်တမင်း) ၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၀၀၀ ၊ Ecstasy-အက်တက်စီ (ခေါင်းခါဆေး) ၁၇၀ ပြား၊ အမှုန့် ၈၀ ဂရမ်၊ Ketamine-ကက်တမင်းအမှုန့် ၃၀ ဂရမ်၊ Happy Water(စိတ်ပြောင်းဆေးဝါးများရောစပ်ထားသောအမှုန့်) ၁၂၀ ဂရမ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၈၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅ ဒသမ ၁၅ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၆ ကီလို၊ Ecstasy-အက်တက်စီ (ခေါင်းခါဆေး) ၁၇၀၊ အမှုန့် ၈၀ ဂရမ်၊ Ketamine-ကက်တမင်းအမှုန့် ၃၀ ဂရမ်၊ Happy Water(စိတ်ပြောင်း ဆေးဝါးများရောစပ်ထားသောအမှုန့်) ၁၂၀ ဂရမ်၊ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)