နေပြည်တော်၊ ဇူလိုင် ၆

 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စတုတ္ထအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မျှစ်စိုက်ပျိုးထုတ်လုပ်ရေးတန်ဖိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အခြေခံ၍ ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှု မြှင့်တင်ပေးနိုင်ရေး ဆိုင်ရာစီမံကိန်း လုပ်ငန်း အစီအစဉ်များထဲမှ တစ်ခုဖြစ်သော အကျိုးဆောင် တောင်သူများသို့ ဝါးပျိုးပင်ပေးအပ်ခြင်း အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ်၊ အောင်သပြေကျေးရွာ၌ ကျင်းပသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက မျှစ်နှင့် မျှစ်ချဉ်ကဲ့သို့သော ဒေသထွက်စားသောက် ဖွယ်ရာများ၊ ဝါးအခြေခံ လက်မှုကုန်ချောများကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ပြီး ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် ဝင်ငွေတိုးတက်ရေး အလားအလာကောင်းများလည်းရှိနေရာ  ယခုကဲ့သို့ ဝါးစိုက်ခင်း များ တည်ထောင်နိုင်ရေးအတွက် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် ထောက်ပံ့အားပေးခြင်းအပေါ် အကျိုးဆောင် တောင်သူများအနေဖြင့် လုပ်ငန်းများဖြစ်ထွန်းအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး က အမှာစကားပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဌနှင့် ဒုတိယဝန်ကြီးတို့က ဝါးပျိုးပင်နှင့် ဓာတ်မြေဩဇာများကို ပေးအပ်ရာ အကျိုးဆောင်တောင်သူများက လက်ခံရယူကြပြီး နေပြည်တော်ကောင်စီ ဥက္ကဌ၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာ ကြသူ များက ဝါးပင်များ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။

 

ယနေ့ အခမ်းအနားတွင် ကျလို့ဝါးပျိုးပင် (၂၂၀၀) ကို အကျိုးဆောင်တောင်သူ များထံ ပေးအပ်ခဲ့ပြီး လယ်ဝေးမြို့နယ်၊ အောင်သပြေကျေးရွာနှင့် ပျဉ်းမနားမြို့နယ် ဆိတ်ဖူး တောင်ကျေးရွာများအတွက် တစ်ရွာလျင် ဝါးစိုက်ခင်း()ဧကစာအတွက် ပျိုးပင်နှင့် သွင်း အားစုများ ထောက်ပံ့ထားကြောင်း သိရသည်။ လာမည့်နှစ် စိုက်ပျိုးရာသီများတွင် လည်း  ဒေသနေပြည်သူများ ဝါးမျိုးကောင်း မျိုးသန့်များ စိုက်ပျိုးနိုင်ရန် ပျိုးခြံတည်ထောင် ဆောင်ရွက် ထားရှိကြောင်း သိရသည်။

(သတင်းစဉ်)