ဇူလိုင် ၇
၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့၊ မြန်မာစံတော်ချိန် (၆)နာရီ၊ (၅၃)မိနစ်၊ (၄၈)စက္ကန့် အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ တောင်ဘက် (၃၈)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (လင်းခေးမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၃၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇.၈၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၇)အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန